ကိုဗစ် (၁၉) ပိုးအသစ်တွေ့ရှိ

ကိုဗစ် (၁၉) ပိုးအသစ်တွေ့ရှိ

အနောက်နိုင်ငံတွေမှာ အသစ်တွေ့တဲ့ ကိုဗစ်ရောဂါပိုးကြောင့် အချို့နေရာတွေမှာ 🔒Lockdown ချတာတွေ၊ ခရီးမသွားဖို့ ပိတ်ပင်တာတွေ လုပ်နေရပါပြီ။
ဒီရောဂါပိုးဟာ ကူးစက်တာမြန်လွန်းလို့ ဘယ်လိုစပြီးကူးစက်တယ်၊ ဘယ်လိုပျံ့နှံ့တယ်ဆိုတာ WHO ကခြေရာခံလို့မရသေးပါဘူး တဲ့။
ကိုဗစ်ပိုးအသစ်ဟာ ဘယ်ဆေးကိုမှမကြောက်တဲ့အပြင် မူရင်းဗိုင်းရပ်စ်၊ ဒဲလ်တာ ဗီဇပြောင်းဗိုင်းရပ်စ်တို့ထက် ကူးစက်ဖို့ အဆ(၅၀၀) ပိုမြန်တယ်လို့လည်း သိရပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံကိုလည်း ရောဂါပိုးအသစ်က အနှေးနဲ့အမြန်ရောက်လာမှာဆိုတော့ ကျနော်တို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးပါရစေ။
ရောဂါပျံ့ပွားမှုကိုထိန်းချုပ်နိုင်ဖို့ အရင်လိုပဲ_
⚠️အပြင်သွားရင် Mask တပ်တာ
⚠️တစ်ယောက်နဲ့တစ်ယောက် (၆)ပေခွာပြီးနေတာ
⚠️လက်ဆေးတာနဲ့
⚠️လူစုလူဝေးရှောင်တာတွေကို ဂရုတစိုက်နဲ့ သေချာပြန်လုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကောင်းဖို့အတွက် အစားအသောက်၊ အနေအထိုင်လည်း ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။
ဒီကပ်ဆိုးကြီးကို ကျနော်တို့ အတူတူကျော်လွှားနိုင်မယ် လို့ယုံကြည်ပါတယ်။
အားလုံးပဲ ဂရုစိုက်ကြပါနော်။ 💕

No Comments

Give a comment