မင်းကိုမင်းအားနာချိန်တန်ပြီ 🚨

မင်းကိုမင်းအားနာချိန်တန်ပြီ 🚨

တကယ်တော့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ထားတာ အရမ်းလွန်လွန်းနေပြီဟုတ်တယ်မလား???​
အခုကိုယ့်ကိုယ်ကိုယ်အားနာချိန်တန်ပါပြီ ⏰
Okay !!အဲဒါဆိုဘယ်လိုအားနာကြမလဲ 🤔
လူတွေကကိုယ့်ဘေးကလူတွေကိုပဲတစ်ချိန်လုံး အားနာပြီးတော့ကိုယ့်အတွက်ကျတော့ အားနာရကောင်းမှန်းမသိကြဘူး။
ဘဝမှာ အမြဲအားအနာသင့်ဆုံးနဲ့ ကောင်းမွန်စွာဆက်ဆံသင်ဆုံးလူကို မှန်ထဲ ပြန်ကြည့်လိုက်ပါ။ အဲဒီလူကို သိသွားပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အားနာတဲ့အနေနဲ့ ဒီအချက်လေးတွေ ဆောင်ရွက်ကြည့်လိုက်ပါ.….
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ ည စောစောအိပ်မယ် (အိပ်ရေးဝဖို့အတွက်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ ဖုန်းလျှော့သုံးမယ် (အချိန်မဖြုန်းမိဖို့အတွက်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ လေ့ကျင့်ခန်း လုပ်မယ် (ကျန်းကျန်းမာမာ နေနိုင်ဖို့အတွက်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ တစ်နေ့
မိနစ် ၃၀ စာဖတ်မယ် (မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရန်နှင့်ဘဝကောင်းမွန်ရှင်သန်နိုင်ဖို့အတွက်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ မလိုအပ်တဲ့သူတွေကိုအားမနာတော့ဘူး(ပွင့်ပွင့်လင်းလင်းပြောမယ်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်မယ် ( နောင်တ ဆိုတာမရှိဖို့အတွက်)
➡️ ကိုယ့်ကိုယ်ကိုယ် အားနာတဲ့ အနေနဲ့ ပိုက်ဆံနှမျောတာထက် အချိန်ကို နှမျောမယ် (အချိန်က ပြန်ရှာလို့ မရတဲ့ အရာဖြစ်တဲ့အတွက်)
Okay ဒါဆိုအခုချိန်ကစ ကိုယ့်ကိုယ်ကိုယ်စပြီး အားနာလိုက်ကြရအောင်……💯💯💯
ဒီပို့စ်လေးကြောင့် အကျိုးရှိတယ်လို့ ခံစားရရင် အကောင့်ထဲက သူငယ်ချင်းတွေလည်း အကျိုးရှိရအောင် ဒီပို့စ်လေးကို Public နဲ့ မျှဝေပေးခဲ့ပါ။

No Comments

Give a comment