စိုးရိမ်ပူပန်စိတ်တွေကို ဘာနဲ့အစားထိုးမလဲ ❓❓

စိုးရိမ်ပူပန်စိတ်တွေကို ဘာနဲ့အစားထိုးမလဲ ❓❓

ပူပင်သောကဆိုတာကတော့ လူတိုင်းမှာ ရှိကြတာပါပဲ။
အခုလိုမျိုး အချိန်ကာလမှာဆိုရင် ကိုယ့်ရဲ့ အနာဂတ် လူမှုရေး စီးပွားရေးတွေ အတွက် ပိုပြီးတော့တောင် ပူပင်သောက ရောက်နေရတယ်။

ဒါကြောင့် ဒီ Post လေးကနေ အဓိက မျှဝေပေးချင်တာ ကတော့ စိုးရိမ်စိတ်တွေ ပူပင်သောက အတွေးတွေကို ဘာနဲ့အစားထိုးမလဲဆိုတာကိုပါပဲ…

ကျွန်တော်တို့ အခုလို ပူပင်သောက စိတ်တွေ အမြဲတမ်းတွေးလာတာက လက်ရှိမှာစိတ်ညစ်ရတာတင်မဟုတ်ဘဲ
ရေရှည်မှာပါ စိတ်ပိုင်းဆိုင်ရာ Trauma တစ်ခုအနေနဲ့ ထိခိုင်နိုင်ပါတယ်။

သေချာတာတစ်ခုကတော့ …
လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ ခံစားချက်တွေ သောကတွေ အနာဂတ်ကိုတွေးပြီး ပူပန်နေရတာတွေ …
ဒီစိတ်တွေက အမြဲလွှမ်းမိုးနေတတ်တယ်

ဒီနေရာမှာ ကွာခြားသွားတာ တစ်ခုက
လူတစ်ချို့ကတော့ ဒီလွှမ်းမိုးမှုတွေကို ကျော်လွှားနိုင်တယ်။ တစ်ချို့ကတော့ မကျော်လွှားနိုင်ကြဘူး။

ဘဝဆိုတာကတော့ အဆိုးနဲ့အကောင်း အမြဲဒွန်တွဲနေတဲ့အရာပါ

အဲဒီတော့ ဒီပူပင်သောကတွေ ကိုယ့်ဆီ ရောက်လာမယ်ဆိုရင် ဘယ်လိုနည်းနဲ့ ကျော်လွှားမလဲဆိုတာကို သေချာနည်းဗျူဟာ ချထားနိုင်ဖို့ အရေးကြီးတယ်။

ဒါကြောင့်မလို့ ကျွန်တော်တို့အားလုံးပဲ ဒီလွှမ်းမိုးမှုတွေကို ကျော်လွှားနိုင်တဲ့သူထဲကိုပါအောင်လို့ နည်းဗျူဟာကို အတူတူချကြမယ်။

ပူပင်သောကရောက်တဲ့အခါ အောက်က နည်းလမ်းတွေထဲက တစ်ခုခု ထလုပ်လိုက်ပါ အဆင်ပြေသွားစေရပါမယ်

1️⃣ ပထမဆုံးအနေနဲ့ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုမျှဝေပေးချင်ပါတယ်
ဒါက သေချာပေါက် ၁၀၀ ရာခိုင်နှုန်း လုံးဝ အာမခံနိုင်တဲ့ နည်းလမ်းတစ်ခုလို့လည်း ပြောလို့ရတယ်။ 💯

ဘာလဲဆိုတော့
“ကိုယ့်ရဲ့ပူပင်သောက မှန်သမျှကို Diary ထဲမှာ ချရေးတာပါ။”

ကိုယ့်ဆီ ပူပင်သောကတွေ ရောက်လာတိုင်း စိတ်ထဲကပဲ အမြဲတမ်း တွေးပူ နေမယ့်အစား Diary ထဲမှာချရေးလိုက်ပါ။
ကိုယ်စိုးရိမ်သမျှ အရာတွေ ကိုယ်ရဲ့ ကြောက်စိတ်တွေကိုပေ့ါ …

ဥပမာ ….
ကိုယ့်ကိုကိုယ် Covid ကြောင့် သေသွားမှာကို ကြောက်တာလား ??
ဒါမှမဟုတ် …ကိုယ့်ရဲ့ အဆိုးဆုံး အခြေအနေတွေ၊ တစ်ခြားသူကို ပြောပြလို့မရနိုင်တဲ့ ပူပင်သောကတွေ၊
အိမ်ကလူတွေ ပတ်ဝန်းကျင်က လူတွေနဲ့ စိတ်အခန့်မသင့် ဖြစ်တာတွေ
ဒီလို အတွေးတွေအကုန်ကို Diary ထဲမှာ ချရေးလိုက်ပါ။

ကိုယ့်ရဲ့အတွေးအပေါ်မှာတင် စိတ်ညစ်နေမယ့်အရာကို Diary ထဲမှာချရေးခြင်းအားဖြင့် ကုသလို့ရပါတယ်။
နောက်ပိုင်း ရေးတဲ့အကြိမ်ရေများလာပြီဆိုရင် တဖြေးဖြေးနဲ့ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကို စာရွက်နဲ့ဘောပင်နဲ့က ယူချလိုက်သလိုမျိုး အကျိုးကျေးဇူးရရှိပါလိမ့်မယ်။

2️⃣ နောက်ထပ် နည်းလမ်း တစ်ခုက
“အတွေးကိုလှုပ်ရှားမှုနဲ့အစားထိုးလိုက်ပါ….”

စိုးရိမ်ပူပန်စိတ်တွေဖြစ်နေရင် ချက်ချင်းကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကိုပြောင်းလိုက်ပါ။​

ထိုင်နေပြီး စိတ်ညစ်နေရင် ချက်ချင်းထပြီး လမ်း၁၀မိနစ်လောက် လျှောက်ပါ၊
အိပ်နေရင်းစိတ်ညစ်နေရင် ထပြီး လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်ပါ။

ဖြစ်နိုင်ရင် အကောင်းဆုံးကတော့
လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်ရဲ့ body laugauge ကိုပြောင်းလိုက်တာ အကောင်းဆုံးပါပဲ …

လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ စိတ်ညစ်တဲ့စိတ်တွေက ချွေးထဲမှာ ပါသွားသလိုမျိုး အရမ်းကို အကျိုးကျေးဇူးထူးတယ်ဆိုတာကိုတွေ့ပါလိမ့်မယ်။
ဒီနည်းလမ်းနဲ့ ကိုယ့်ရဲ့တွေးပူတတ်တဲ့အတွေးတွေကို အစားထိုးလိုက်လို့ ရပါတယ်။

3️⃣ နောက်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်း ကတော့

“သောကစိတ်ကိုအစားထိုးနိုင်ဖို့ စာဖတ်ခြင်းပါ” 📖📖

ကိုယ့်ရဲ့လက်ရှိဘဝကို စိတ်ညစ်နေပြီ သောကတွေနဲ့ပဲ လှောင်ပိတ်နေပြီဆိုရင်တော့ စာအုပ်တစ်အုပ် ကောက်ဖတ် လိုက်ပါ

ဖတ်လိုက်တဲ့ စာအုပ်ထဲ စိတ်ကို နစ်မြောလိုက်မယ်ဆိုရင်
ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ရဲ့ဘဝကို အာရုံစိုက်သွားမိတဲ့ အတွက် စိတ်ညစ်တာတွေလုံးဝ ပျောက်သွားစေ မှာပါ …

ဒါကြောင့် စာဖတ်ခြင်းကလည်း အခုလိုမျိုး သောကတွေများတဲ့အချိန်မှာ အရမ်းကို အထောက်အကူပြုတဲ့ အရာတစ်ခုဖြစ်တယ်။

စာဖတ်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ် တိုးတက်ပြောင်းလဲစေတဲ့ တတ်ကြမ်းဖတ်ရင်လည်း ရသလိုမျိုး၊
ဝတ္တုတွေဖတ်ရင်လည်း ကိုယ့်ဘဝကို ပို မေ့သွားပြီးတော့ သူများဘဝတွေကို စိတ်ဝင်စားသွားတတ်ပါတယ်။

အရင်လို ပုံမှန်ချိန်တွေမှာတော့ ဝတ္တုတွေကို အားမပေးပေမယ့်
ခုလိုအချိန်မျိုးမှာတော့ ကိုယ့်ရဲ့စိတ်ကိုတစ်နေရာတည်းမှာပဲ ငြိမ်နေအောင်
စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္တုတွေ ဖတ်ချင်တယ်ဆိုရင်လည်း ဖတ်ဖို့ရာအတွက် အကြံပေးချင်ပါတယ် လို့ပြောရင်းနဲ့

အမြဲတမ်း သောကအတွေးနွံထဲ နစ်နေတဲ့သူတွေအတွက်

ဒီ Post လေးကနေ အတွေးနွံထဲကနေ ရုန်းထွက်ဖို့ရာ အတွေးနဲ့အစားထိုးလို့ရမယ့် အရာလေးတွေကို မျှဝေလိုက်ပါတယ်

အားလုံးပဲ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

No Comments

Give a comment