ကိုယ်နဲ့ အကိုက်ညီဆုံး Career ရှာတွေဖို့ အဆင့် ၃ ဆင့် ✨

ကိုယ်နဲ့ အကိုက်ညီဆုံး Career ရှာတွေဖို့ အဆင့် ၃ ဆင့် ✨

သင်က ကိုယ်ဘာလုပ်ချင်မှန်းမသိ ဘယ်လမ်းကို ဆက်လျှောက်ရမှန်းမသိတဲ့ အခြေအနေမှာ ရောက်နေပြီဆိုရင်တော့ ဒီစာလေး မဖြစ်မနေ ဖတ်ကြည့်ပါ 🤗
လူတော်တော်များများက ဘယ်လမ်းကို ဆက်လျှောက်ရမှန်း မသိတဲ့ အခြေအနေမှာ ရောက်သွားတတ်ကြပါတယ်😞
သင် ကိုယ်တိုင်ကရော ဒီလို အခြေနေရောက်လာခဲ့ရင် ဘယ်လို အဖြေရှာတတ်လဲ ❓❓
အများစုကတော့ အချိန်တန်ရင် အဆင်ပြေ သွားမှာပါ ဆိုတဲ့စိတ်နဲ့ ရေလိုက် ငါးလိုက် နေရင်းနဲ့ပဲ အချိန်ဖြုန်းလိုက်တတ်ကြတယ်
❌ ဒီလို လုံးဝ မလုပ်လိုက်ပါနဲ့ ❌
⏰ ဘဝရဲ့ အချိန်တိုင်း စက္ကန့်တိုင်းက တန်ဖိုးရှိလွန်းလှပါတယ်…အောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကိုယ်တကယ် ဖြစ်ချင်တဲ့ အရာကို တိတိကျကျ သိဖို့လိုအပ်ပါတယ်
ဒါမှလည်း ကိုယ်နဲ့ ကိုက်ညီမယ့် ရည်မှန်းချက်တွေ ပန်းတိုင်တွေ ချမှတ်ထားလို့ရမှာပါ ❣
ဒါကြောင့်မလို့ အခု Post ကနေ ကိုယ်ဘာကို ဝါသနာပါမှန်း ဘာကိုလုပ်ချင်မှန်း မသိတဲ့ ပြသနာကို ကျော်လွှားပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ Career ရှာတွေ့နိုင်မယ့် အဆင့် ၃ ဆင့် ကို အားလုံး အတွက် မျှဝေပေးချင်ပါတယ်🤓
ဒီအဆင့် ၃ ဆင့်ကတော့
🔰 လေ့လာပါ
🔰 လေ့ကျင့်ပါ
🔰 ပြန်သုံးသပ်ပါ
1️⃣ ပထမ အဆင့် ကတော့ “လေ့လာရမယ့် အဆင့် ” ပါ
အရင်ဦးဆုံး ကိုယ် ဝါသနာပါတဲ့ အရာ, ကိုယ် လုပ်ချင်တဲ့အရာ ကိုယ်ကြိုက်တဲ့အရာကို တစ်ပတ်တိတိ အချိန်ပေးပြီး လေ့လာပါ✅
ပြီးရင်တော့ လေ့လာထားသမျှ အရာတွေကို စာအုပ်ထဲမှာ ချရေးထားပါ📝
2️⃣ ဒုတိယ အဆင့် အနေနဲ့ ကတော့ “လေ့ကျင့်ရမယ့် အဆင့်” ပါ
ကိုယ်ချရေးထားသမျှ အရာအားလုံးကို အချိန်မဆွဲဘဲ စပြီးလေ့ကျင့်ပါတော့ ❗
-ကိုယ် ဝါသနာပါတဲ့ နယ်ပယ်မှာ ကိုယ့်ကိုယ်ကို Professional တစ်ယောက်လို့ သတ်မှတ်ပါ
-အချိန် တစ်ခုပေးပြီး အားကြိုးမာန်တက်သေသေချာချာ လေ့ကျင့်ကြည့်ပါ
ဒီအတောအတွင်း ကိုယ်ရွေးချယ်ထားတဲ့ အရာအပေ် လုံးဝ စိတ်ထည့်နိုင်တယ်, ဆက်လုပ်ချင်သေးတယ်ဆိုရင်တော့
ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါတော့ 🎊🎊
သင်က ကိုယ်တကယ် ဝါသနာပါတဲ့ ကိုယ့်ဘဝရဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ရှာတွေ့ပြီလို့ သတ်မှတ်လိုက်လို့ရပါပြီ 💕
⚠⚠ ဒါပေမယ့် နောက်ထပ်တစ်ချက်သိရမှာက ကိုယ်အခုကြိုက်နေတဲ့အရာက ကိုယ်တကယ်ဝါသနာတာ မှန်ချင်မှ မှန်ပါလိမ့်မယ်❗
တစ်ခါတစ်လေမှာ ကျွန်တော်တို့က ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ဖြစ် လတ်တလော ရေပန်းစားနေတဲ့ Trend နောက်ကို လိုက်ချင် ကြတာကို ကိုယ်တကယ်ကြိုက်တယ်လို့ ထင်နေတတ်ကြတယ် ❕❕
ဒီလို ဆိုရင်တော့ ကျွန်တော် ပြောတဲ့ အပေါ်က နည်းလမ်းက အချိန်သက်သက် ဖြုန်းသလိုတောင် ဖြစ်သွားနိုင်ပါတယ် ❗
ဒါကြောင့် ကိုယ်နဲ့တကယ် ကိုက်ညီတဲ့လမ်းကို ဘယ်လိုရှာရမလဲဆိုတာကတော့ နောက်ဆုံး အဆင့် မှာ အဖြေ ရှိပါတယ်👇
3️⃣ နောက်ဆုံး တတိယ အဆင့်က “သုံးသပ်ရမယ့် အဆင့်” ပါ
ဒါက တကယ်ကို အရေးကြီးတဲ့ အဆင့်လို့လည်းပြောလို့ရတယ်❇
ကိုယ်ရဲ့ ပါရမီကို အဖြေရှာရမှာပါ ✨
ကိုယ်က ဘယ်အပိုင်းမှာ တကယ် တော်တာလဲ?? ..ဘယ်အရာကို တကယ်လုပ်နိုင်တာလဲ..ဆိုတာကို ပြန်သုံးသပ်ရမှာပါ ‼
တစ်ခါတစ်လေမှာ ကိုယ်ကျွမ်းကျင်တဲ့ အရာနဲ့ ကိုယ်ဝါသနာပါတဲ့ အရာနဲ့က ထပ်တူကျချင်မှ ကျပါလိမ့်မယ်
ကိုယ်ရဲ့ ပါရမီရယ် လုပ်နိုင်စွမ်းရယ် ဝါသနာရယ် …ဒီ ၃ ခု နဲ့ မကိုက်ညီဘူးဆိုရင်တော့ ကိုယ့်ဘဝ အတွက် Career ကောင်းတစ်ခုကို မတည်ဆောက်နိုင်ပါဘူး …
ဒါကြောင့် အခုချိန်က စပြီး ကိုယ်ဘာဖြစ်ချင်မှန်းမသိ ဘာလုပ်ရမှန်းမသိလို့ စိတ်ညစ်မနေပါနဲ့တော့
အပေါ်က နည်းလမ်းအတိုင်းလုပ်ဆောင်ကြည့်ရင်း ကိုယ့်ဘဝရဲ့ အကောင်းဆုံး အကိုက်ညီဆုံး Career မှာ လျှောက်လှမ်းကြရအောင်ပါ💛
Comment; 👇👇
ကိုယ်တိုင်ရော အကိုက်ညီဆုံး Career ကိုရှာတွေ့ပြီလား ❓

No Comments

Give a comment